Showing posts with label Bla Bla Bla. Show all posts
Showing posts with label Bla Bla Bla. Show all posts

Monday, September 28, 2009

XBox 360 Natal

လွန်ခဲ့တဲ့ အနှစ်၂၃ နှစ်လောက်က ကျွန်တော် တီဗွီကိမ်း စပြီး ကစားဘူးတယ်။ Nintendo Family Computer လို့ ခေါ်တယ်။ ရန်ကုန်မှာ စပြီး ခေတ်စားလာတာတော့ ကိုကိုးက ငှားပြီ ကစားတယ်။ (ငှားတယ်ဆိုတာ တကယ်ကို ဆိုင်မှာ သွားငှားတာ မဟုတ်ဘူး။ ဖုန်းဆက်လိုက်တော့ လူကြီးတစ်ယောက် စက်ရယ် ဂိမ်းနှစ်ခုရယ် ယူလာပြီး အိမ်တိုင်ရာယောက် လာဆင်ပေးတယ်။ နာရီလိုက်၊ ရက်လိုက် ငှားလို့ ရတယ်။ တခါတလေ ပွဲတော်ရက်ဆိုရင် ငှားလို့ တောင်မရဘူး။ မှတ်မိသလောက်ဆိုရင်တော့ ရမ်ဘို နှင့် မာလီရို က အကောင်းဆုံးပဲ။ အခုထက်ထိမှတ်မိတယ်။) Controller က အပေါင်းခလုတ် တစ်ခု၊ ညာဘက်မှာ A, B ပြီးတော့ Select နှင့် Start ပဲပါတယ်။ နှစ်ယောက် ကစားလို့ ရတယ်။ မမှားရင်တော့ နောက် မာမားဝယ်ပေးသလို ပဲ။


Nitendo Family Computer

နောက်တော့ Sega က ထွက်တဲ့ ဂိမ်းရဲ့ ခလုတ်တွေက ပိုလာတယ်။ အပေါင်းခလုပ် အပြင် A, B, C ဆို ဖြစ်လာတယ်။ ကျွန်တော်မှာ အပိုင် မရှိခဲ့ဘူးတော့ သိတ်မမှတ်မိတော့ဘူး။ ပုံကအတိုင်းလို့ တော့ထင်တယ်။ Sega ရဲ့ အဓိကဂိမ်းကတော့ Sonice ဆိုတဲ့ တချိန်လုံးပြေးနေတဲ့ အကောင်လေးပါပဲ။


Sega and Sonic

အဲနောက်ပိုင်း အခြားတွေရှိအုံးမယ်။ ခလုတ်က A, B, X, Y ပါသလိုပဲ။ အခု ဒီခေတ်ကြီးမှာတော့ PS3, Wii နဲ့  Xbox 360 ဆို လူတိုင်းသိနေလောက်ပါပြီ။ ပိုမပြောတော့ဘူး။ မသိသေးရင်တော့ ကိုယ်ဟာကို Google လိုက်ပါတော့။ ဒါမှ မသိသေးရင်တော့ ၃ ခုလုံးဝယ်ပြီး စမ်းကြည့်လို့ ရပါတယ်။

ခေါင်းစဉ်နဲ့ နဲနဲဝေးသွားတယ်.. စိတ်မစိုးပါနဲ့ လာပါပြီ။ အခုပြောတာက Xbox 360 နဲ့  revolution လို့ ပဲပြောရမလား။ Wii ကို ခိုးပြီး ပိုကောင်းအောင် လုပ်လိုက်တာပဲလား။ ဘာမှန်းကို မသိတော့ပါဘူး။ ခလုပ်တွေ A, B နှစ်ခု ကနေ တဖြည်းဖြည်းတိုးလာတာ လက်မကအစ လက်ညိုးလဲ မနေရတော့ဘူး။ ဒီလို တိုးတက်ပုံ တိုးတက်နည်းနဲ့ ဆို ရင် အခုထွက်မဲ့ ဂိမ်းက လက်သန်းတောင် နေရတော့မှာ မဟုတ်တော့ဘူးလို့  စဉ်းစားမိတာတော့ အမှန်ပဲ။ တကယ်တန်းကျတော့ လက်သန်းမပြောနဲ့  ခြေထောက်ရော ခန္ဒာကိုယ်ရော ပါးစပ်ရော အကုန်နီးပါးသုံးလိုက် ရတာ ကို တွေ့ လိုက်ရတယ်။ ရှုစားကြပါလော......



နောက်နှစ်ထွက်မယ်ပြောတယ်... မျော်



Friday, September 21, 2007

Start my Blog from here, from now

This is not my First Blog.
(So where is my first one ... at Friendster)
At Friendster my first post was 1 year ago.
And my sencond post is 1 year later from my first post.
Wish i won't be like this Here.

A few months ago, one of my friends show his Blog to me.
There is some topic that about his and my childhood
I felt that is nice. It can memory about the Life.
So I think i should make one and write down my stories too.

A few months later, today, I start my Blog from here, from now.
(dan dan dan... i am coming)