သူငယ်ချင်းကောင်း၊ ချစ်သူငယ်ချင်းဆိုတာ တိုင်ပင်ဖော် တိုင်ပင်ဖက် မဟုတ်လား။ အခွင့်အရေး မပေးလို့ မတိုင်ပင်နိုင်ရင်တောင် အရင်ဆုံးပြောရမဲ့ လူစာရင်းထဲမှာ ရှိသင့်တယ် မဟုတ်လား။
လွန်ခဲ့တဲ့ ၁၀နှစ်က ကျွန်တော့် ချစ်သူငယ်ချင်း တစ်ယောက် နိုင်ငံခြားသွားဖို့ အခြေအနေ ဖြစ်လာတယ်။ အတူတူရှိနေပေမဲ့ ဒီသတင်းကို အခြားသော သူငယ်ချင်းတွေပြောမှ သိလိုက်ရတော့ ....
လွန်ခဲ့တဲ့ ၂-၃နှစ်က အခြား ချစ်သူငယ်ချင်း တစ်ယောက် ကလေးမွေးသွားတာကိုတောင် ကျွန်တော် မသိလိုက်ဘူး။
အခု ...
ဒီကိစ္စတွေကို မေ့သွားပါပြီ။ ချစ်သူငယ်ချင်းတွေ ကြားထဲမှာ တစ်ခါပြီးတစ်ခါ ခပ်ဆင်ဆင် အကြောင်းလေးတွေဖြစ်လာတော့လည်း .............. (တကယ်ပါမေ့သွားခဲ့ဘူးပါတယ်)။
သူတို့မှာလဲ သူတို့အကြောင်းအရင်း ရှိမှပဲလို့ နားလည်လိုက်ပါတယ်။ ဒီလို ကျွန်တော် လိုက်မမှီနိုင်တဲ့ ချစ်သူငယ်ချင်းတွေရဲ့ အကြောင်းအရင်းတွေကို ဒီဘ၀ကုန်တဲ့အထိ နားလည်ပေးလျက် ..............
Showing posts with label Friends. Show all posts
Showing posts with label Friends. Show all posts
Wednesday, January 20, 2010
Tuesday, January 19, 2010
သတင်းတစ်ခု၊ ခံစားမှုနှစ်ခု
ဒီနေ့ ၀မ်းသာစရာသတင်းတစ်ခု ကြားလိုက်ပြီ အရမ်းဝမ်းသာသွားသော်လည်း ၀မ်းနည်းခြင်းတစ်ခုကိုလဲ ထပ်တူရလိုက်ပါတယ်။
ဝမ်းသာစရာသတင်းကတော့ ... ကျွန်တော့်ချစ်သူငယ်ချင်းနှင့် ကျွန်တော့်ချစ်သူငယ်ချင်း မဂ်လာဆောင်တော့မယ်တဲ့ ...
ဝမ်းနည်းတာကတော့ ... ဒီသတင်း ကျွန်တော်အရင်ဆုံး သိတာမဟုတ်ဘူး။
ဝမ်းသာစရာကတော့ ... ဒီအတွဲ စေ့စပ်ပြီးသွားပြီတဲ့ ...
ဝမ်းနည်းတာကတော့ ... ဒီသတင်း ကျွန်တော်တို့ ၁လကျော်ပြီမှ သိတာ။
ဝမ်းသာစရာကတော့ ... ကျွန်တော်မေးတာကိုတော့ သူဖြေတယ်။
ဝမ်းနည်းတာကတော့ ... ကျွန်တော် မမေးရင်တော့ သူပြောဖို့ အစီအစဉ် မရှိဘူး။
ဝမ်းသာစရာကတော့ ... ကျွန်တော်ထင်ထားခဲ့ဘူးသလို ဖြစ်လာလို့။
ဝမ်းနည်းတာကတော့ ... အသိနောက်ကျလို့။
ချစ်သူငယ်ချင်းနှစ်ယောက် သက်ရာကျော်တိုင်အောင် ကျန်းကျန်းမာမာနှင့် ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေလို့ ဆုတောင်းလျက် ...

Subscribe to:
Posts (Atom)