Nitendo Family Computer
နောက်တော့ Sega က ထွက်တဲ့ ဂိမ်းရဲ့ ခလုတ်တွေက ပိုလာတယ်။ အပေါင်းခလုပ် အပြင် A, B, C ဆို ဖြစ်လာတယ်။ ကျွန်တော်မှာ အပိုင် မရှိခဲ့ဘူးတော့ သိတ်မမှတ်မိတော့ဘူး။ ပုံကအတိုင်းလို့ တော့ထင်တယ်။ Sega ရဲ့ အဓိကဂိမ်းကတော့ Sonice ဆိုတဲ့ တချိန်လုံးပြေးနေတဲ့ အကောင်လေးပါပဲ။
Sega and Sonic
အဲနောက်ပိုင်း အခြားတွေရှိအုံးမယ်။ ခလုတ်က A, B, X, Y ပါသလိုပဲ။ အခု ဒီခေတ်ကြီးမှာတော့ PS3, Wii နဲ့  Xbox 360 ဆို လူတိုင်းသိနေလောက်ပါပြီ။ ပိုမပြောတော့ဘူး။ မသိသေးရင်တော့ ကိုယ်ဟာကို Google လိုက်ပါတော့။ ဒါမှ မသိသေးရင်တော့ ၃ ခုလုံးဝယ်ပြီး စမ်းကြည့်လို့ ရပါတယ်။
ခေါင်းစဉ်နဲ့ နဲနဲဝေးသွားတယ်.. စိတ်မစိုးပါနဲ့ လာပါပြီ။ အခုပြောတာက Xbox 360 နဲ့  revolution လို့ ပဲပြောရမလား။ Wii ကို ခိုးပြီး ပိုကောင်းအောင် လုပ်လိုက်တာပဲလား။ ဘာမှန်းကို မသိတော့ပါဘူး။ ခလုပ်တွေ A, B နှစ်ခု ကနေ တဖြည်းဖြည်းတိုးလာတာ လက်မကအစ လက်ညိုးလဲ မနေရတော့ဘူး။ ဒီလို တိုးတက်ပုံ တိုးတက်နည်းနဲ့ ဆို ရင် အခုထွက်မဲ့ ဂိမ်းက လက်သန်းတောင် နေရတော့မှာ မဟုတ်တော့ဘူးလို့  စဉ်းစားမိတာတော့ အမှန်ပဲ။ တကယ်တန်းကျတော့ လက်သန်းမပြောနဲ့  ခြေထောက်ရော ခန္ဒာကိုယ်ရော ပါးစပ်ရော အကုန်နီးပါးသုံးလိုက် ရတာ ကို တွေ့ လိုက်ရတယ်။ ရှုစားကြပါလော......
နောက်နှစ်ထွက်မယ်ပြောတယ်... မျော်