ရောက်ပါပြီ။ ကျိုင်းတုံမှကျိုင်းတုံ အစစ်ပါ။
ကားကကျွန်တော်တို့ တည်းမည့် ဟိုတယ်ကို အရင်သွားပါတယ်။ ပစ္စည်းတွေချနေတုံးမှာပဲ ဆရာတွေ၊ ဆရာမတွေ (ခေါ်) သူငယ်ချင်း (ခေါ်) အသိမိတ်ဆွေေ၇ာက်လာကြတယ်။ ဘာမှန်းမသိအောင် ရှုပ်လျှပ်ခက်ပြီး ပြောမကုန်တဲ့ စကားများ ပြောပြီး မှန်းမရတဲ့ ပျော်ရွှင်ခြင်းရှိနေတာတော့ အမှန်ပဲ။
ရှုပ်နေတာပဲနော်၊ ဒါပေမဲ့ ပျော်နေတာတော့ အမှန်ပဲ။
မာမား ဆရာမ၊ အံ့မခန်းဘ၀ကို ကျော်ဖြတ်ခဲ့သူများ။
မတွေ့ တာသိပ်မကြာသေးတဲ့ သူငယ်ချင်း နှစ်ယောက်။ ၁၈ နှစ်လောက်ပဲရှိမယ်ထင်တယ်။
ဒီနှစ်ယောက် အကြောင်းတော့ နဲနဲပြောချင်တယ်။ ဟိုတယ်ရောက်ရောက်ချင်း ရှုပ်လျှပ်ခတ်တာကို ကျေှးဇူးတင်မရလို ဖြစ်နေပြီ။ ဒီလို ဖြစ်နေတာကို ဟိုတယ်ရှေ့ ကဖြတ်သွားတဲ့ အေးချမ်းတဲ့ ကျိုင်းတုံက မိဘပြည်သူတွေက ဘယ်မကြည့်ပဲနေနိုင်မလဲ။ အဲဒီထဲမှာ ယုံအမ်း ညီကလှမ်းကြည့်လိုက်တော့ အနှစ် ၂၀ ရုပ်မပြောင်းတဲ့ ကျွန်တော်အစ်ကို မြင်သွားရော။ သူကလဲ သူအစ်ကိုကို ပြောပြီး သူအစ်ကိုက မယုံတစ်ယုံနဲ့ လာကြည့် ရင်း ပြန်ဆုံဖြစ်တဲ့ သူငယ်ချင်း နှစ်ယောက်ပါ။
ကိုအောင်ခင် ဆိုင်ရှေ့ပါ။ ဟိုတယ်နဲ့  တစ်အိမ်ကျော် အရမ်းကို ကောင်းတာပါပဲ။
ပြီးတော့ဒါသွားစားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment