Thursday, October 4, 2012

2 my brother


ဒီ စာလုံးတွေက ရင်ကို ဆို့နေအောင် ခံစားလိုက်ရတယ်။

မျှော်လင့်ထားတဲ့ အဖြေရတော့လဲ ခံစားရတာပဲ။ ဒီအပြင် အခြားအဖြေလဲ ရစရာရှိလား ဆိုတော့လဲ မရှိသလိုပဲ။

ဒါများ ဘာလို့ ပုံမှန်ဖြစ်နေတဲ့ အခြေအနေကို ကိုယ်လက်နဲ့ကိုယ် ဖြတ်စီးလိုက်ရတာလဲ မေးရင် ... ၁% လောက်များ မျှော်လင့်ချက်ရှိသလားလို့ပါ။

မှန်းထားတဲ့ ဒီ စာလုံးလေးတွေ ပြန်ရတော့ကော် တကယ်ပဲ အရင်အတိုင်းပြန် ဖြစ်မလား ... ပြောတာနဲ့ လက်တွေ့နဲ့ ဘယ်တူမလဲလို့ ပဲ အခု ထင်တာပဲ။

နောင်တရလားလို့ မေးရင်တော့ ... မရပါဘူးလို့ ဖြေနိုင်ပါတယ်၊ တချို့သော ကိစ္စတွေက လုပ်ရမှာပဲလေ။


မနေ့ညက သူ့ကိုမက်ခဲ့တဲ့ အိမ်မက်က ဒီနေ့ ရတဲ့ အဖြေရဲ့ နိမိတ်ပါပဲ။ 

မက်ခဲ့တဲ့ အိမ်မက်၊ သူ့ကိုမက်ခဲ့တယ် ဆိုတာကိုတော့ ပျော်မိတာ မှန်ပေမဲ့ ... အလေးမထားပဲ ပတ်ပြေးနေတဲ့ သှူဆီက မပြောပဲ အဖြေရပြီသားပါ။ 


ဒီ ၂၀၁၂ ... ခံစားမှုအသစ်နဲ့ ပါပဲလား။



Saturday, January 14, 2012

2012

သတိရလို့ ပြန်ကြည့်လိုက်တော့ New Post မတင်တာ 1 နှစ်တိတိ ရှိသွားပါပြီလား...

Happy New Year again ...