Saturday, July 18, 2009

ကျိုင်းတုံသို့ ၂ - ချင်းလိုင်းမှ - 22 April 2009

လေဆိပ်ကထွက်လာတော့ လာကြိုသူ ပါပါးရဲ့ ကျောင်းသူ "မူလီကျန်း" အာရီးနှင့် သူ့ သမီးချောချောလေး ရောက်နေပါတယ်။ နောက်ကားတစ်စီး လာဖို့ ရှိသေးတယ်ဆိုတာနဲ့  လေဆိပ်အ၀မှာပဲ ရပ်ပြီး စကားပြော နေကြတဲ့အချိန်မှာပဲ ရဲသား လေးယောက်လောက် နိုင်ငံတော်အလံတိုင်ဆီကို ချီတက်နေတာတွေ့ လိုက်ရတယ်။ ခဏအကြာမှာ ကမ္ဘာကြီးတစ်ခုလုံး ရပ်တံသွား သလို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားတယ်။ ပါပါးတို့ ကိုကြည့်တော့လဲ မတ်မတ်ကြီးရပ်နေကျပြီး စကားလဲမပြောကြဘူး။ ရုပ်ရှင်ထဲကလိုများ ဖြစ်သွားသလားလို့  စဉ်းစားနေတုံး သီချင်းသံ ရေးရေးလေးတော့ ကြားနေတော့ မဟုတ်လောက်ပါဘူးလေလို့ ။ ခဏနေတော့ အစ်ကိုလျှောက်လာပြီး နင်အဖမ်းခံရမယ်နော်လို့  နောက်သလိုလို လာပြောတော့ ဘာဖြစ်တာလဲလို့ မေးလိုက်မှ ထိုင်းမှာက နံနက် ၈နာရီဆို တစ်နိုင်ငံလုံး နိုင်ငံတော် သီချင်းဆိုတယ်တဲ့။ အဲဒီ အချိန်ဆိုရင် ငြိမ်ငြိမ်လေး ရပ်နေပြီး ဂါဝရပြုကျတယ်။ (လေးစားထိုက်တဲ့ အပြုအမှုတစ်ခုပါ။)

အခြား ပါပါး တပည့်တစ်ယောက်နှင့် သားရောက်ပြီးတော့ ချင်းလိုင်းကနေ မဲ့ဆိုင်ကို ကားနှစ်စီး နဲ့ အတူတူချီတက်ကြပါပြီ။ ချင်းလိုင်းကနေ မဲ့ဆိုင်ကို ကားနဲ့ ဆိုရင် ၁ နာရီလောက်ပဲမောင်းရပါတယ်။ ကားလမ်းကတော့ ကျယ်လဲကျယ် ကောင်းလဲကောင်း ရှင်းလဲရှင်း ဆိုတော့ ကီလို ၁၀၀ ကနေကို မဆင်းတော့ဘူး။ လမ်းအလယ်က မီးတိုင်ကလဲ တောက်လျှောက် မြင်ရတယ်လေ။ လျှပ်စစ်မီးနဲ့  လမ်းပန်းဆက်သွယ်ရေးက နိုင်ငံတစ်နိုင်ငံ တိုးတက်မှု ရဲ့အခြေအခံပဲ မဟုတ်ပဲလား။ ယိုးဒယားရဲ့ တိုးတက်မှုက မျက်မြင်ထင်ထင်ကြီး မြင်နေရတော့ အော် တစ်ချိန်တစ်ခါက ငါတို့  နိုင်ငံလောက်တောင် မတိုးတက်တဲ့ နိုင်ငံ၊ ဆန်မလောက်လို့  ငါတို့ စီကနေ ပြန်သွင်းနေရတဲ့ နိုင်ငံ ဒီလို တောင်ဖြစ်နေပါလားလို့ ။ (ဆောရီး ဆောရီး နိုင်ငံရေးနဲနဲ ပါသွားတယ်။)



(ကြည့်ကျပါအုံး လမ်းကြီးကို)

လမ်းတ၀က်ကျော် (မဲ့ဆိုင် အဝေးပြေးကားဂိတ်နား) က ဆိုင်တစ်ဆိုင်မှာ မနက်စာဝါးကြတာပေါ့ကွယ်။







ပြီးရင် ရွှေတြိဂံ သွားမယ်။ နောက်ပို့ ဒ် မျှော်။

မုန်တိုင်း - MOLAVE

T8 ဖြစ်ဖွယ်ရှိသော မုန်တိုင်းတစ်ခု ဟောင်ကောင်ကို ဦးတည်ပြီး တစ်နာရီ ကီလိုမီတာ ၂၂ နှုန်းဖြင့် တရွေ ရွေလာနေပါတယ်။ အချင်း ကီလိုမီတာ ၁၅၀၀ ခန့် ရှိပြီး လေပြင်းအား ကီလိုမီတာ ၉၂ ရှိပါတယ်။

အခု ၁၈ ဇူလိုင် နေ့လယ် ၁၂ နာရီမှာ T1 ဖြစ်နေပြီး ညနေလောက်မှာ T3 ဖြစ်ဖို့ များနေပါတယ်။


၂၀၀၉ ဇူလိုင်လ ၁၈ နေ့လည် ၁၂ နာရီ

ဟောင်ကောင်မှာ မုန်တိုင်းနဲ့ ပတ်သက်ပြီး အဆင့်အမျိုးမျိုးခွဲထားပါတယ်။ T1, T3, T8, T9 and T10 ဆိုတာရှိပါတယ်။ ဒီမှာ အပြည့်အစုံ ဖတ်ကြည့်လို့ရပါတယ်။ အလုပ်သမားတွေအတွက် ဆိုရင်တော့ T8 နှင့် အထက်ဆိုရင် အရမ်းပျော်။ အကြောင်းရင်းကတော့ အလုပ်လုပ်နေချိန်မှာ T8 ဖြစ်လို့ကတော့ ချက်ချင်းအိမ်ပြန်လို့ ရလို့ပဲ။

ခက်တာက ဒီမုန်တိုင်းက တနင်္ဂနွေဖြစ်ဖို့များ နေတော့ အလုပ်ရှင် ဖက်က ဘက်လိုက်တဲ့ မုန်တိုင်းဖြစ်မှာပါ။

Thursday, July 2, 2009

July 1

၁ ဇူလိုင်

* ၂၀၀၉ ခုနစ်ရဲ့ နှစ်ဝက်တိတိ ကျိုးလာပါပြီ။ ပြီးခဲ့တဲ့ ၆လကို ပြန်လည်စီရင်သုံးသပ်ပြီး နောက် ၆လမှာ ဘာလုပ်မလဲလို့  တွေးကြည့်လိုက်သောအခါ...

၂၀၀၉ မှာ ပြီးခဲ့တဲ့ ၆လ ဘာတွေလုပ်ခဲ့လဲ။
၁) ကျိုင်းတုံကို မပြန်ဖြစ်တာ ၂၅ နှစ်နောက် မိသားစု စုံစုံလင်လင် သွားဖြစ်တယ်။
၂) သွားရန်လွယ်လွန်းလို့  မရောက်ဖြစ်တဲ့ ဘန်ကောက်ကို မိသားစုနဲ့ ရောက်ဖြစ်တယ်။
၃) ၀ယ်ထားတဲ့ D90 နဲ့ဓါတ်ပုံ အများကြီးရိုက်ဖြစ်ပေမဲ့ စိတ်တိုင်းမကျသေးဘူး။


၂၀၀၉ မှာကျန်တဲ့ နောက် ၆လ ဘာတွေလုပ်ဖို့ ရှိလဲ။
၁) ခရီးကတော့ ကွေ့ လင် - တရုတ်ပြည် ကို သွားဖြစ်မယ်ထင်တယ်။
၂) ဘလော့ကို ၁လ ၅ပုဒ်လောက် ရေးဖြစ်အောင် ကြိုးစားမယ်။
၃) D90 နဲ့ပုံကောင်းကောင်းထွက်အောင် ကြိုးစားရမယ်။ (ကောင်မလေးပုံတွေ ဦးစားပေး ရိုက်ပါမယ်။... မျှော်)
၎) မွေးနေ့ ပွဲတွေ တန်းစီနေတယ်။ ကျွန်တော့ မွေးနေ့ က နိုဝင်ဘာလ ၅ ရက်မှာပါ။ (ဆုတောင်းပေးပါ၊ လက်ဆောင်ပေးပါ၊ စိတ်မဆိုးဘူးနော်။)
၅) ထီပေါက်အောင် ထီထိုးရမယ်။ (၀ယ်စရာတွေများနေတယ် - တပ်ခ်ျဖုန်းတစ်လုံး၊ လက်တော့ပ် နှစ်လုံး၊ LCD တီဗီ တစ်လုံး၊ ကင်မရာ လင့်စ် သုံးလေးငါးခုလောက်ပေါ့၊ ရှိသေးတယ်..လတ်တလောတော့ ဒီလောက်ပဲပြောထားမယ်။ လောဘကြီးလှကြီးလားလို့ပြောရင် ... လက်ရှိဖုန်းက နှစ်နှစ်ရှိပြီ၊ လက်တော့ပ်က လက်ရှိ မရှိလို့ပါ၊ တီဗီဆို ပိုသနားဖို့ကောင်းတယ်... အခုအိမ်မှာ တီဗီမရှိဘူး၊ LCD Monitor နဲ့ TV BOX တွဲပြီးကြည့်နေရတယ်၊ ကင်မရာလင့်စ်က တစ်ခုတည်းသော တစ်ခုပဲရှိတယ်.... သနားဖို့ မကောင်းဘူးလား။ ဟီဟီ)
၆) မိန်းမရဖို့ ကိန်းမရှိပါ။ (လက်ဖွဲ့ ဖို့ ပြင်ထားသူများ လက်ဖွဲ့ ကြီးကြီးပေးနိုင်ရန် ထပ်ဆုထားပါ။)
၇) အလုပ်ပြောင်းရန် ကိန်းမရှိပါ။ နံပါတ် ၅ တာအောင်မြင်သွားရင်တော့ မပြောတတ်ပါ။

လာရောက် ဖတ်ရှုသူ အားလုံး နောင်လာမည့် နှစ်ဝက်မှာ လိုအင်ဆန္ဒပြည့်ဝပြီး ကျန်းမာပျော်ရွှင်ကြပါစေလို့  ဆုတောင်းလျက် .....