Saturday, July 18, 2009

မုန်တိုင်း - MOLAVE

T8 ဖြစ်ဖွယ်ရှိသော မုန်တိုင်းတစ်ခု ဟောင်ကောင်ကို ဦးတည်ပြီး တစ်နာရီ ကီလိုမီတာ ၂၂ နှုန်းဖြင့် တရွေ ရွေလာနေပါတယ်။ အချင်း ကီလိုမီတာ ၁၅၀၀ ခန့် ရှိပြီး လေပြင်းအား ကီလိုမီတာ ၉၂ ရှိပါတယ်။

အခု ၁၈ ဇူလိုင် နေ့လယ် ၁၂ နာရီမှာ T1 ဖြစ်နေပြီး ညနေလောက်မှာ T3 ဖြစ်ဖို့ များနေပါတယ်။


၂၀၀၉ ဇူလိုင်လ ၁၈ နေ့လည် ၁၂ နာရီ

ဟောင်ကောင်မှာ မုန်တိုင်းနဲ့ ပတ်သက်ပြီး အဆင့်အမျိုးမျိုးခွဲထားပါတယ်။ T1, T3, T8, T9 and T10 ဆိုတာရှိပါတယ်။ ဒီမှာ အပြည့်အစုံ ဖတ်ကြည့်လို့ရပါတယ်။ အလုပ်သမားတွေအတွက် ဆိုရင်တော့ T8 နှင့် အထက်ဆိုရင် အရမ်းပျော်။ အကြောင်းရင်းကတော့ အလုပ်လုပ်နေချိန်မှာ T8 ဖြစ်လို့ကတော့ ချက်ချင်းအိမ်ပြန်လို့ ရလို့ပဲ။

ခက်တာက ဒီမုန်တိုင်းက တနင်္ဂနွေဖြစ်ဖို့များ နေတော့ အလုပ်ရှင် ဖက်က ဘက်လိုက်တဲ့ မုန်တိုင်းဖြစ်မှာပါ။

No comments: