Saturday, July 18, 2009

ကျိုင်းတုံသို့ ၂ - ချင်းလိုင်းမှ - 22 April 2009

လေဆိပ်ကထွက်လာတော့ လာကြိုသူ ပါပါးရဲ့ ကျောင်းသူ "မူလီကျန်း" အာရီးနှင့် သူ့ သမီးချောချောလေး ရောက်နေပါတယ်။ နောက်ကားတစ်စီး လာဖို့ ရှိသေးတယ်ဆိုတာနဲ့  လေဆိပ်အ၀မှာပဲ ရပ်ပြီး စကားပြော နေကြတဲ့အချိန်မှာပဲ ရဲသား လေးယောက်လောက် နိုင်ငံတော်အလံတိုင်ဆီကို ချီတက်နေတာတွေ့ လိုက်ရတယ်။ ခဏအကြာမှာ ကမ္ဘာကြီးတစ်ခုလုံး ရပ်တံသွား သလို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားတယ်။ ပါပါးတို့ ကိုကြည့်တော့လဲ မတ်မတ်ကြီးရပ်နေကျပြီး စကားလဲမပြောကြဘူး။ ရုပ်ရှင်ထဲကလိုများ ဖြစ်သွားသလားလို့  စဉ်းစားနေတုံး သီချင်းသံ ရေးရေးလေးတော့ ကြားနေတော့ မဟုတ်လောက်ပါဘူးလေလို့ ။ ခဏနေတော့ အစ်ကိုလျှောက်လာပြီး နင်အဖမ်းခံရမယ်နော်လို့  နောက်သလိုလို လာပြောတော့ ဘာဖြစ်တာလဲလို့ မေးလိုက်မှ ထိုင်းမှာက နံနက် ၈နာရီဆို တစ်နိုင်ငံလုံး နိုင်ငံတော် သီချင်းဆိုတယ်တဲ့။ အဲဒီ အချိန်ဆိုရင် ငြိမ်ငြိမ်လေး ရပ်နေပြီး ဂါဝရပြုကျတယ်။ (လေးစားထိုက်တဲ့ အပြုအမှုတစ်ခုပါ။)

အခြား ပါပါး တပည့်တစ်ယောက်နှင့် သားရောက်ပြီးတော့ ချင်းလိုင်းကနေ မဲ့ဆိုင်ကို ကားနှစ်စီး နဲ့ အတူတူချီတက်ကြပါပြီ။ ချင်းလိုင်းကနေ မဲ့ဆိုင်ကို ကားနဲ့ ဆိုရင် ၁ နာရီလောက်ပဲမောင်းရပါတယ်။ ကားလမ်းကတော့ ကျယ်လဲကျယ် ကောင်းလဲကောင်း ရှင်းလဲရှင်း ဆိုတော့ ကီလို ၁၀၀ ကနေကို မဆင်းတော့ဘူး။ လမ်းအလယ်က မီးတိုင်ကလဲ တောက်လျှောက် မြင်ရတယ်လေ။ လျှပ်စစ်မီးနဲ့  လမ်းပန်းဆက်သွယ်ရေးက နိုင်ငံတစ်နိုင်ငံ တိုးတက်မှု ရဲ့အခြေအခံပဲ မဟုတ်ပဲလား။ ယိုးဒယားရဲ့ တိုးတက်မှုက မျက်မြင်ထင်ထင်ကြီး မြင်နေရတော့ အော် တစ်ချိန်တစ်ခါက ငါတို့  နိုင်ငံလောက်တောင် မတိုးတက်တဲ့ နိုင်ငံ၊ ဆန်မလောက်လို့  ငါတို့ စီကနေ ပြန်သွင်းနေရတဲ့ နိုင်ငံ ဒီလို တောင်ဖြစ်နေပါလားလို့ ။ (ဆောရီး ဆောရီး နိုင်ငံရေးနဲနဲ ပါသွားတယ်။)



(ကြည့်ကျပါအုံး လမ်းကြီးကို)

လမ်းတ၀က်ကျော် (မဲ့ဆိုင် အဝေးပြေးကားဂိတ်နား) က ဆိုင်တစ်ဆိုင်မှာ မနက်စာဝါးကြတာပေါ့ကွယ်။







ပြီးရင် ရွှေတြိဂံ သွားမယ်။ နောက်ပို့ ဒ် မျှော်။

No comments: