Monday, May 25, 2009

ကျိုင်းတုံသို့  ၁ - လေဆိပ် ၃ ခု

၁၂ နာရီအတွင်းမှာ လေဆိပ် ၃ ခုကိုရောက်လိုက်ရတယ်။ ပြောရရင်တော့လဲ သိပ်မထူးဆန်းပါဘူးလေ။


လေဆိပ် ၁ - ဟောင်ကောင်လေဆိပ်
လေဆိပ်ကို အစ်ကိုကောင်းမှုနဲ့  မာစီးတီး စီးပြီး သွားလိုက်ရတယ်။ အလကားစီးရတယ် ဆိုပေမဲ့လဲ ကားဆရာကို တစ်ပ် ၅၀ပေးလိုက်ပါတယ်။ လေဆိပ် Terminal 2 မှာလူစုံတော့ Check In လုပ်ပြီး Food Court မှာ ညစာသွားစားလိုက်တယ်။ စားပြီးတော့ Terminal 2 ကနေ ရထားစီးပြီး Terminal 1 ကိုသွားလိုက်တယ်။ စောနေသေးတာနဲ့ ရထားကို ဆက်မစီးပဲ တစ်ဝက်ကနေ ဆင်းပြီး "Y" ပုံစံ အဆောက်အအုံ ရှိတဲ့ Terminal 1 ကို အစကနေစလျှောက်တယ်လေ။ ဘတ်ကျပ် အဲလိုင်းပီပီ ဟိုအဝေးဆုံးမှာ သွားစီးရတယ်။ ဂိတ်ရောက်တော့ လေယာဉ်ကဆိုက်နေပြီ။ လူတွေတောင် မဆင်းသေးပေမဲ့ တက်မဲ့ ခရီးသည်တွေကို တန်းစီးခိုင်းနေပြီး ဆင်းတဲ့ လူတွေကုန်လို့  ၁၀ မိနစ်တောင်မကြာလိုက်ဘူး၊ စတက်လို့ ရပါပြီ။ ကျွန်တော်တော့ ထိုင်လို့  ၅မိနစ်တောင်မရှိသေးဘူး လေယာဉ်က တံခါးပိတ်ပြီး စထွက်နေပြီ၊၊ သဘောပေါက်လိုက်တာက ဟောင်ကောင်မှာ ဒီလေယာဉ်ကြာကြာနေရင် ပိုက်ဆံပိုပေးရမှာ ဆိုးလို့ ပဲ။ ည ၈း၄၅ အချိန်မှန်စွာ လေယာဉ်ထွက်ပါတော့သည်။
လေယာဉ်ပေါ်မှာ လေယာဉ်စာမကျွေးပေမဲ့ အစာစားနဲ့  အအေးတွေလိုက် ရောင်းပါတယ်။ ညစာစားပြီးသားဆိုတော့ အအေးဝယ်သောက်မိတယ်။ ထင်ထားသလို ကောင်းကင်ပေါ်မှာ ၀ယ်တယ်ဆိုတော့ အရမ်းဈေးကြီးမယ်ထင်နေတယ်၊ ထင်သလောက် ဈေးမကြီးပါဘူး။ အအေးတွေက ဟောင်ကောင် ၁၀ ပဲ။ စားစရာတွေက ဟောင်ကောင် ၂၅လောက်ပဲ ကျတယ်။ မဆိုးပါဘူး။


ဟိုတယ် လင်မွန်ဆင်း (မားစီးတီးကားပါ ခင်ဗျား)


(Hong Kong လေဆိပ် Terminal 1 ရဲ့ "Y" အစ - ရး၅၀)


(လေယာဉ်ပေါ်တက်ခါနီး - ၈း၁၂)

လေဆိပ် ၂ - ဘန်ကောက်လေဆိပ်
နာရီဝက်လောက်စောပြီး ည ၁၁ တောင်မရှိသေးဘူး လေယာဉ်က ဘန်ကောက်ကိုရောက်လာတယ်။ နောက်နေ့  ၆း၃၀ မှာ ဒီလေဆိပ်ကနေပဲ ချင်းလိုင်း ကိုသွားဖို့ ဆိုတော့ အပြင်မထွက်တော့ဘူးလို့ ဆုံးဖြတ်ပြီး လေဆိပ်မှာပဲ နေလိုက်ပါတယ်။ ကော်ဖီဆိုင် တစ်ဆိုင်မှာ အစာနဲနဲစားပြီး နေရာကောင်းကောင်းမှာအိပ်ဖို့  လျှောက်ရှာကြည့် လိုက်တော့ Arrival ရဲ့ ဘယ်ဘက်အစွနှ်ဆုံးနေရာလေးက မဆိုးဘူးလေ။ (တခုသတိထားရမှာက ဘန်ကောက်လေဆိပ်က ညကျရင် International Arrival ဘက်ကို ၀င်ချင်တိုင်း ၀င်လို့ မရဘူး။ ပတ်စပို့ စ်ပြ မှပဲ သွားလို့ ရတယ်။) လူကကြောင်တောင်တောင်တွေဖြစ်ပြီး အိပ်လို့ မရလိုက်ပါဘူး။ အစ်ကိုလဲ မအိပ်ပဲ ကားတွေလျှောက်မေး၊ ဟိုတယ်တွေမေး ပြီးတော့ ဖုံးကဒ် ၁ ခုဝယ်လုပ်နေတယ်။ နောက်တော့ ကျွန်တော်လဲ အဆင်ပြေအောင် ဖုံးကဒ် နောက်တစ်ခု ၀ယ်လိုက်တယ်။ နံနက် ၄း၃၀ နာရီလောက်ရောက်တော့ Check In မှာပဲစောင့်တော့မယ်ဆိုပြီးတော့ ချီတက်သွားကြတယ်။ ၅း၃၀ လောက်မှာမှ Check In လုပ်ပြီး လေဆိပ်ထဲဝင်လာတာ ကျွန်တော်တို့ က အစောဆုံးပါပဲ။ (ဒီလို နောက်တခါ မဖြစ်အောင် စီစဉ်ရမယ်လို့ ပဲ ပြောလိုက်ပါတယ်လေ။) လေယာဉ်ကတော့ အချိန်မှန် ၆း၃၀ မှာပျံသန်းပါတော့တယ်။


(ဘန်ကောက်လေဆိပ်)


(လူတွေ ဘယ်မှာလဲ။)

လေဆိပ် ၃ - ချင်းလိုင်းလေဆိပ်
၁ နာရီ ၁၀ မိနစ်လောက်ပဲပျံလိုက်ရပြီး ချင်းလိုင်းလေဆိပ်လေးကို ဆိုက်ရောက်ပါတော့တယ်။ Local လေဆိပ်လေးဆိုတော့ သေးသေးလေးပါပဲ။ Tube နှစ်ခုရှိပေမဲ့ အဲဒီမှာ မရပ်ပါဘူး။ လေယာဉ်ကဆင်းတော့ နဲနဲလမ်းလျှောက်မှပဲ Terminal ထဲကိုရောက်တယ်။ ပစ္စည်းတွေက ချက်ချင်းနီးပါး ရောက်လာတယ်။ ဘုရားလေးတစ်ဆူ ရှိတော့ ဒီခရီး အစစအရာရာ အဆင်ပြေပါစေလို့  ဆုတောင်းပြီး ကျွန်တော်တို့ ရဲ့ ခရီးစင်ကို စလိုက်ပါတော့တယ်။


(ချင်းလိုင်းလေဆိပ်လေးပါ။)


Tuesday, May 19, 2009

ကျိုင်းတုံ သွားခါနီးနှင့် ပြန်လာပြီးသောအခါ

ပြန်လာပြီးသောအခါ
ကျိုင်းတုံက ပြန်လာတာ ၂ ပတ်တောင်ကျော်သွား ပေမဲ့ လုံးဝကို မအားဘူးလေ။ ဘာတွေလုပ်နေလဲဆိုတော့လဲ ဘာမှရေရေ ရာရာ မရှိဘူး။ ပြန်လာကတည်းက ဗိုက်ကလဲ သိတ်မကောင်းတာ ဒီနေ့ အထိပဲ။ (မြန်မာပြည်နဲ့  ယိုးဒယားမှာ ဘာမှ မဖြစ်ပဲ ဟောင်ကောင်ပြန်လာမှ မအီမလဲ ဖြစ်နေတယ်။) နောက်လုံးဝ မအားရတဲ့ အကြောင်းရင်းက ဓါတ်ပုံကြောင့်ပါပဲ။ မြန်မာပြည်မှာ ပုံပေါင်း ၃၀၀၀ ကျော်၊ ယိုးဒယားမှာ ၂၀၀၀ ကျော် ကို ကင်မရာ ၀ရန်တီရှိတုံး အားရပါးရရိုက်လိုက်တယ်။ သူငယ်ချင်းတစ်ယောက်က ပြောဘူးတယ် DSLR ကို DC လိုမသုံးပါနဲ့ တဲ့။ Setting တွေဘာတွေနဲ့ ရိုက်လို့ ပြောပေမဲ့ ဒီတစ်ခေါက်ကတော့ Quality ထက်စာရင် Quantity ကိုဦးစားပေးလိုက်ပါတယ်။
ပြန်ရောက်တဲ့နေ့ ကဆိုရင် မိုးကလဲချုပ်၊ လူကလဲပင်ပန်း၊ နောက်နေ့ ရုံးကလဲရှိတော့ ဓါတ်ပုံတွေကို ပြန်တောင်မကြည့်နိုင်ပဲ အိပ်လိုက်ရတယ်။ နောက်နေ့ ရုံးကဆင်းတော့ ဓါတ်ပုံထုတ်မယ်ပဲရှိသေးတယ် မျှော်နေသူ ကို TZA ကတောင်းတော့တာပဲ။ သူကလဲ မျှော်နေတာ ကြာရော့ပေါ့၊ ဒီကလဲ ကျိုင်းတုံက ထွက်လာပြီး ဖြောင့်ဖြောင့်မတ်မတ် ပြန်မလာပဲ ယိုးဒယားမှာ ၁ ပတ်လောက် သဝေထိုးနေတာကို။ ဒီကထုတ် ဟိုကိုပေး (ပေးဆိုလို့  Gtalk ထဲကိုပဲ ပုံတွေဆွဲဆွဲပေးနိုင်တယ်။ သူကတော့ resize ပါလား gmail ပါလားလို့ ပြောပေမဲ့ ကိုယ်ကလဲ ကိုယ်ဒုက္ခနဲ့ ကိုယ်)။ ထုတ်လိုက် ပေးလိုက် ချက်လိုက် ပြုတ်လိုက် ကျော်လိုက် .. ရင်း HDD က Full သွားရော။ ဒီတော့ကာ External HDD ကိုပုံအဟောင်းတွေရွေ့ ရပြန်ရော။ ၃ ရက်လောက်ကြာမှပဲ မျော်နေသူ ကို TZA ကို Resize လုပ်ပြီးပို့ ပေးနိုင်တော့တယ်။ နောက် webshot ပေါ်တို့  Facebook ပေါ်တို့  upload၊ ကျန်နေသော မျှော်နေသူ ကို Share လုပ်။ ဒီ ၃၊ ၄ ရက်မှပဲ မကောင်းတဲ့ပုံတွေကို Delete လုပ်နိုင်တော့တယ်။ ဇတ်လမ်းကမပြီးသေးဘူး၊ ပုံတွေကို DVD မှာ မီးရှို့ပေးရအုံးမယ်၊ ဆိုင်မှာကူးဖို့  ရွေးရအုံးမယ်။ အမှတ်တရလေး ဖြစ်သွားအောင် ပါးပါးကို သမိုင်းကြောင်းနဲနဲရေးခိုင်းပြီး DVD မှာတစ်ခါထဲ ထည့်ပေးရအုံးမယ်။ အခုပြောနေတာယိုးဒယားပုံတွေ မပါသေးဘူး။ ဒီ weekend မှာတော့ အကုန်လုံးနီးပါးကို အဆုံးသတ်ဖို့  စဉ်းစားထားတယ်။ ကျွန်တော့ DSLR ကလဲ ပြန်လာကတည်းက အသားမည်းသွားလို့ လား မသိဘူး၊ အိမ်တွင်းပုံးလုပ်နေတာ တစ်ခါမှကို အပြင်မထွက်ရသေးဘူး။ (အသက်တော့ ရှိသေးမယ် ထင်တယ် .. ဟီဟီ)


သွားခါနီး
4G တစ်ကဒ် အပြင်ကို သွားခါနီး 8G တစ်ကဒ်ဝယ်လိုက်တယ်။ သွားတဲ့နေ့ က အစ်ကိုက သူကင်မရာ အတွက် 4G တစ်ကဒ်ဝယ်ပြီးမှ သူ့ ကင်မရာက Max 2G ပဲ support တယ်ဆိုပြီး ကျွန်တော်ကိုပေးတော့လဲ အားနာနာနဲ့ ယူလိုက်တာပေါ့။ ချုံပြောရရင်တော့ Trip တစ်ခုလုံး 16G ကိုသိတ်မလောက်ချင်ဘူး။ ပြန်တဲ့ နောက်ဆုံးနေ့ ကဆိုရင် ထပ်ရိုက်စရာမရှိမှာစိုးလို့  နဲနဲတောင် Delete လုပ်လိုက်ရသေးတယ်။