Tuesday, May 19, 2009

ကျိုင်းတုံ သွားခါနီးနှင့် ပြန်လာပြီးသောအခါ

ပြန်လာပြီးသောအခါ
ကျိုင်းတုံက ပြန်လာတာ ၂ ပတ်တောင်ကျော်သွား ပေမဲ့ လုံးဝကို မအားဘူးလေ။ ဘာတွေလုပ်နေလဲဆိုတော့လဲ ဘာမှရေရေ ရာရာ မရှိဘူး။ ပြန်လာကတည်းက ဗိုက်ကလဲ သိတ်မကောင်းတာ ဒီနေ့ အထိပဲ။ (မြန်မာပြည်နဲ့  ယိုးဒယားမှာ ဘာမှ မဖြစ်ပဲ ဟောင်ကောင်ပြန်လာမှ မအီမလဲ ဖြစ်နေတယ်။) နောက်လုံးဝ မအားရတဲ့ အကြောင်းရင်းက ဓါတ်ပုံကြောင့်ပါပဲ။ မြန်မာပြည်မှာ ပုံပေါင်း ၃၀၀၀ ကျော်၊ ယိုးဒယားမှာ ၂၀၀၀ ကျော် ကို ကင်မရာ ၀ရန်တီရှိတုံး အားရပါးရရိုက်လိုက်တယ်။ သူငယ်ချင်းတစ်ယောက်က ပြောဘူးတယ် DSLR ကို DC လိုမသုံးပါနဲ့ တဲ့။ Setting တွေဘာတွေနဲ့ ရိုက်လို့ ပြောပေမဲ့ ဒီတစ်ခေါက်ကတော့ Quality ထက်စာရင် Quantity ကိုဦးစားပေးလိုက်ပါတယ်။
ပြန်ရောက်တဲ့နေ့ ကဆိုရင် မိုးကလဲချုပ်၊ လူကလဲပင်ပန်း၊ နောက်နေ့ ရုံးကလဲရှိတော့ ဓါတ်ပုံတွေကို ပြန်တောင်မကြည့်နိုင်ပဲ အိပ်လိုက်ရတယ်။ နောက်နေ့ ရုံးကဆင်းတော့ ဓါတ်ပုံထုတ်မယ်ပဲရှိသေးတယ် မျှော်နေသူ ကို TZA ကတောင်းတော့တာပဲ။ သူကလဲ မျှော်နေတာ ကြာရော့ပေါ့၊ ဒီကလဲ ကျိုင်းတုံက ထွက်လာပြီး ဖြောင့်ဖြောင့်မတ်မတ် ပြန်မလာပဲ ယိုးဒယားမှာ ၁ ပတ်လောက် သဝေထိုးနေတာကို။ ဒီကထုတ် ဟိုကိုပေး (ပေးဆိုလို့  Gtalk ထဲကိုပဲ ပုံတွေဆွဲဆွဲပေးနိုင်တယ်။ သူကတော့ resize ပါလား gmail ပါလားလို့ ပြောပေမဲ့ ကိုယ်ကလဲ ကိုယ်ဒုက္ခနဲ့ ကိုယ်)။ ထုတ်လိုက် ပေးလိုက် ချက်လိုက် ပြုတ်လိုက် ကျော်လိုက် .. ရင်း HDD က Full သွားရော။ ဒီတော့ကာ External HDD ကိုပုံအဟောင်းတွေရွေ့ ရပြန်ရော။ ၃ ရက်လောက်ကြာမှပဲ မျော်နေသူ ကို TZA ကို Resize လုပ်ပြီးပို့ ပေးနိုင်တော့တယ်။ နောက် webshot ပေါ်တို့  Facebook ပေါ်တို့  upload၊ ကျန်နေသော မျှော်နေသူ ကို Share လုပ်။ ဒီ ၃၊ ၄ ရက်မှပဲ မကောင်းတဲ့ပုံတွေကို Delete လုပ်နိုင်တော့တယ်။ ဇတ်လမ်းကမပြီးသေးဘူး၊ ပုံတွေကို DVD မှာ မီးရှို့ပေးရအုံးမယ်၊ ဆိုင်မှာကူးဖို့  ရွေးရအုံးမယ်။ အမှတ်တရလေး ဖြစ်သွားအောင် ပါးပါးကို သမိုင်းကြောင်းနဲနဲရေးခိုင်းပြီး DVD မှာတစ်ခါထဲ ထည့်ပေးရအုံးမယ်။ အခုပြောနေတာယိုးဒယားပုံတွေ မပါသေးဘူး။ ဒီ weekend မှာတော့ အကုန်လုံးနီးပါးကို အဆုံးသတ်ဖို့  စဉ်းစားထားတယ်။ ကျွန်တော့ DSLR ကလဲ ပြန်လာကတည်းက အသားမည်းသွားလို့ လား မသိဘူး၊ အိမ်တွင်းပုံးလုပ်နေတာ တစ်ခါမှကို အပြင်မထွက်ရသေးဘူး။ (အသက်တော့ ရှိသေးမယ် ထင်တယ် .. ဟီဟီ)


သွားခါနီး
4G တစ်ကဒ် အပြင်ကို သွားခါနီး 8G တစ်ကဒ်ဝယ်လိုက်တယ်။ သွားတဲ့နေ့ က အစ်ကိုက သူကင်မရာ အတွက် 4G တစ်ကဒ်ဝယ်ပြီးမှ သူ့ ကင်မရာက Max 2G ပဲ support တယ်ဆိုပြီး ကျွန်တော်ကိုပေးတော့လဲ အားနာနာနဲ့ ယူလိုက်တာပေါ့။ ချုံပြောရရင်တော့ Trip တစ်ခုလုံး 16G ကိုသိတ်မလောက်ချင်ဘူး။ ပြန်တဲ့ နောက်ဆုံးနေ့ ကဆိုရင် ထပ်ရိုက်စရာမရှိမှာစိုးလို့  နဲနဲတောင် Delete လုပ်လိုက်ရသေးတယ်။


2 comments:

နေလင်း said...

အောင်သိန်းရေ..

မင်းဘလော့ဂ်မှာ အမြဲလာပြီး ကောမင့်ရေးရတာ အားတောင်နာလာပြီ.. ဟီးဟီး..

ဖတ်လို့ကောင်းတယ်... ဇာတ်လမ်းတွဲတွေ မျှော်နေမယ်...

စုလှိုင်ဦး said...

ကျွန်မနာမည် စုလှိုင်ဦး ပါ။ကျွန်မအသက် ၁၆ နှစ် ဆယ်တန်းဖြေပြီးတဲ့အထိ ကျိုင်းတုံကနေ တစ်ဖ၀ါးမခွါနေခဲ့ရပါတယ်။ကျေလည်းကျေနပ်ပါတယ်။တကယ်ချစ်ဖို့ကောင်းတဲ့ မြို့လေးတစ်မြို့ပါ။တိုင်းရင်းသားတွေကလည်းစုံပါတယ်။ပြီးတော့ရိုးသားကြပါတယ်။ကျွန်မကိုယ်တိုင်ကလည်းအာခါလူမျိုးပါရှင်..........
ခုတော့ဖြင့်ကျွန်မဟာ ပညာသင်ဖို့အတွက် ပြင်ဦးလွင်မြို့ကိုရောက်နေရပါတယ်ရှင်................
ကျွန်မရဲ့မြို့လေးကို မခွဲချင်ဘဲ ခွဲခဲ့ရတာပါ။အရမ်းလည်းလွမ်းပါတယ်...............
ဒီတစ်နှစ်စာသင်နှစ်ပြီးရင်တော့ ပြန်ဖြစ်မယ်ထင်ပါတယ်............

ကျိုင်းတုံမြို့ကတော့ကျွန်မပြန်အလာကို ကြိုနေမှာသေချာပါတယ်ရှင်...............................