Sunday, March 7, 2010

ကျိုင်းတုံသို့ ၇ - အိမ်၊ ရေတွင်း - 23 April 2009

အိမ် - နေရာကတော့ ဒီနေရာပါ၊ အိမ်ကတော့ ဒီအိမ်မဟုတ်တော့ပါဘူး။ ညာဘက်ရော ဘယ်ဘက်ရော မပြောင်းလဲ ခဲ့ဘူး။ ဘာလို့ များ ကျွန်တော် နေခဲ့တဲ့အိမ်မှ ပြောင်းသွားပါလိမ့်။ အရင်တုံးက အသေးဆုံး အစုတ်ဆုံး အိမ်ကလေးက အခု လေးထပ်တိုက် အကောင်းဆုံးဖြစ်နေပါလား။ မှတ်တမ်းနှင့် မှတ်မိသလောက်ဆိုရင် ကျွန်တော်တို့ အိမ်က ညာဘက်မှာ နံရံမရှိပါဘူး။ သူများအိမ်ရဲ့ နံရံလေးနဲ့ ပါ အုတ်ခဲ့နော်။ ဘယ်ဘက်မှာလဲ နံရံမရှိပါဘူး။ ထရံနဲ့ဘဲ ကန့် ထားတာပါ။ ဘာမှလာမပြောနဲ့  အိမ်ခေါင်မိုးကတော့ ကိုယ်ဟာနဲ့ ကိုယ်ပဲ။

(ကံ - နောက်နေ့ ပါပါးရဲ့ တပည့် တစ်ယောက်ပြောပြချက် အရ ဆိုရင် သူကဒီအိမ်ကို အရမ်းဝယ်ချင်နေတယ်။ အကြောင်းက Lucky အရမ်းကောင်းတယ်တဲ့။ ကျွန်တော်တို့  မိသားစုဆိုလဲ အားလုံး နိုင်ငံခြားရောက်နေပြီ။ ကျွန်တော်တို့ ရောင်းလိုက်တဲ့ မိသားစုလဲ နိုင်ငံခြားရောက်သွားပြန်ပြီတဲ့။ အခုနေ နေတဲ့ မိသားစုလဲ သွားတော့မှာမို့  ရောင်းချင်နေတယ်တဲ့။ ကဲ... ဘာပြောချင်သေးလဲ။ .. ဟီဟီ)


ရေတွင်း - ဒီရေတွင်းမရှိရင် အောင်သိန်းဆိုတာလဲ မရှိဘူး။ ဘယ်လောက် တန်ဖိုးကြီးလဲ ဆိုတာသိပြီနော်။ မှတ်မိသလောက်ဆိုရင် အရင်ရေတွင်းဘေးက ကွန်ကရစ်မရှိဘူး၊ ရွံ့ တွေပဲရှိတယ်။ လောက်စလုံး လာလာလုပ်ဘူးသေးတယ်။ မပြန်ခင်ကတည်းက ဒီရေတွင်းကို ပြန်ကြည့်ကို ကြည့်မယ်လို့ ကြုံးဝါးထားတာ။


မပြောင်းလဲသော ကျောက်တိုင် နှင့် တာချီလိတ်လမ်း။

Monday, January 25, 2010

ကျိုင်းတုံသို့ ၆ - ကျိုင်းတုံမှ ကျိုင်းတုံ အစစ်ပါ။ - 23 April 2009

ရောက်ပါပြီ။ ကျိုင်းတုံမှကျိုင်းတုံ အစစ်ပါ။
ကားကကျွန်တော်တို့ တည်းမည့် ဟိုတယ်ကို အရင်သွားပါတယ်။ ပစ္စည်းတွေချနေတုံးမှာပဲ ဆရာတွေ၊ ဆရာမတွေ (ခေါ်) သူငယ်ချင်း (ခေါ်) အသိမိတ်ဆွေေ၇ာက်လာကြတယ်။ ဘာမှန်းမသိအောင် ရှုပ်လျှပ်ခက်ပြီး ပြောမကုန်တဲ့ စကားများ ပြောပြီး မှန်းမရတဲ့ ပျော်ရွှင်ခြင်းရှိနေတာတော့ အမှန်ပဲ။


ရှုပ်နေတာပဲနော်၊ ဒါပေမဲ့ ပျော်နေတာတော့ အမှန်ပဲ။


မာမား ဆရာမ၊ အံ့မခန်းဘ၀ကို ကျော်ဖြတ်ခဲ့သူများ။


မတွေ့ တာသိပ်မကြာသေးတဲ့ သူငယ်ချင်း နှစ်ယောက်။ ၁၈ နှစ်လောက်ပဲရှိမယ်ထင်တယ်။


ဒီနှစ်ယောက် အကြောင်းတော့ နဲနဲပြောချင်တယ်။ ဟိုတယ်ရောက်ရောက်ချင်း ရှုပ်လျှပ်ခတ်တာကို ကျေှးဇူးတင်မရလို ဖြစ်နေပြီ။ ဒီလို ဖြစ်နေတာကို ဟိုတယ်ရှေ့ ကဖြတ်သွားတဲ့ အေးချမ်းတဲ့ ကျိုင်းတုံက မိဘပြည်သူတွေက ဘယ်မကြည့်ပဲနေနိုင်မလဲ။ အဲဒီထဲမှာ ယုံအမ်း ညီကလှမ်းကြည့်လိုက်တော့ အနှစ် ၂၀ ရုပ်မပြောင်းတဲ့ ကျွန်တော်အစ်ကို မြင်သွားရော။ သူကလဲ သူအစ်ကိုကို ပြောပြီး သူအစ်ကိုက မယုံတစ်ယုံနဲ့ လာကြည့် ရင်း ပြန်ဆုံဖြစ်တဲ့ သူငယ်ချင်း နှစ်ယောက်ပါ။


ကိုအောင်ခင် ဆိုင်ရှေ့ပါ။ ဟိုတယ်နဲ့  တစ်အိမ်ကျော် အရမ်းကို ကောင်းတာပါပဲ။

ပြီးတော့ဒါသွားစားပါတယ်။


Sunday, January 24, 2010

ကျိုင်းတုံသို့ ၅ - 23 April 2009

မနက်နိုးပြီး အနီးအနားက လမ်းတွေမှာ လျှောက်ကြည့်နေရင်း ပါပါး၊ မာမား အသိတွေ အသိတွေ နှုတ်ဆက်လိုက်ရတာ မှတ်တောင်မမှတ်မိတော့ဘူး။ လမ်းဘေးလက်သွန်းလှည်းဆိုင်ကပဲ တိုဖူနွေး စားလိုက်တယ်။ အစီအစဉ်အရဆိုရင်တော့ ၈ နာရီမှာကားလာခေါ်မယ်။ ကားက ၉နာရီမှရောက်လာပြီ၊ တစ်ချို လူတွေက ပါမစ်မယူရသေးဘူးလေ။ နောက်ဆုံးကားက ၁၀နာရီလောက်မှ ထွက်ဖြစ်တယ်။ စုစုပေါင်း ၁၀ယောက်။ ကားတစ်စီးကို ဘတ် ၆၅၀၀။ ကားက ယိုးဒယားဘက်ကကား၊ ယိုးဒယားနံပါတ်နဲ့လေ။ မဆိုးပါဘူး၊ ဂိတ်ရောက်တိုင်း ကားဆရာကကိုင်တိုင်ဆင်းပြီး ကျွန်တော်တို့ ရဲ့ စာရွတ်လေးကို အတုံးသွားထုပေးတယ်။ ဂိတ်တစ်ခုမှာတော့ အရာရှိတစ်ယောက်က တံခါးတစ်ခက်လာဖွင့်ပြီး ကြည့်သွားသေးတယ်။

ဒီလမ်းမှာ ဆင်းရဲဒုက္ခ၊ ပြသာနာပေါင်းစုံ ခံစားဖူးတဲ့ လူတွေကတော့ ဖြောင့်ဖြူး ကောင်းမွန်နေတဲ့ ကားလမ်းမှာ အမြန်မောင်းနေတဲ့ ကားပေါ်ကနေ ခံစားမှုပေါင်းစုံနဲ့  စကားစမည်ပြောနေကြတယ်။ ကျွန်တော်ကတော့ ဘာမှမမှတ်မိတော့ဘူးဆိုတော့ မထူးဆန်းသလိုပါပဲ။ လမ်းတစ်ဝက်လောက်ကြတော့ စားကြသောက်ကြပေါ့။

အရင်ရေပူစမ်းက မြို့မ၀င်ခင်လေးမှာရှိတယ်။ ကြုံတယ်ဆိုပြီတော့ ကားဆရာကို ၀င်ခိုင်းလိုက်တယ်။ အခုတော့လဲ သင်ခါရ သဘောအတိုင်းပဲ ဆုတ်ပြတ်ပြီး လူတောင်မရှိတော့ဘူး။ မြို့ရဲ့အခြားတစ်ဖက်မှာ အသစ်တစ်ခု တွေ့ တယ်လို့ ပဲ ပြောကြတယ်။ ကျွန်တော် ရဲ့ မျက်စိ အရိပ်ထဲမှာတော့ အရင်က ကစားခဲ့ဘူးတဲ့ သီးသန့်ရေကူးကန်သေးသေးလေးနဲ့  ရေချိုးခန်းလေးတွေကို မြင်နေမိတာ အမှန်ပါပဲ။ ကြက်ဥတွေကိုလဲ ရေပူတွေကို မြောင်းနဲ့ရေလာအောင်လုပ်ထားတဲ့ နေရာလေးမှာ ပြုတ်တာမှတ်မိသေးတယ်။ ဒီကထွက်လာတော့ ချက်ချင်းနီးပါး မြို့ထဲရောက်သွားတော့ အံ့သြနေကြတယ်။ အရင်က ဒီကိုလာရင် အဝေးကြီးလို့ ထင်နေကြတယ်။ ဒီလို ဖြစ်ရပ်တွေ တောက်လျှောက်တွေ့တော့မည် ဖြစ်ပါသည်။


ကြက်ဥပြုတ်ခဲ့ဖူးတဲ့ နေရာပဲဖြစ်မှာပါ။


မတ်တတ်ရပ် ရေချိုးခန်းများ



မမှတ်မိတော့ဘူး။

ကျိုင်းတုံကိုရောက်ပါပြီ။

Wednesday, January 20, 2010

ချစ်သူငယ်ချင်းများ

သူငယ်ချင်းကောင်း၊ ချစ်သူငယ်ချင်းဆိုတာ တိုင်ပင်ဖော် တိုင်ပင်ဖက် မဟုတ်လား။ အခွင့်အရေး မပေးလို့ မတိုင်ပင်နိုင်ရင်တောင် အရင်ဆုံးပြောရမဲ့ လူစာရင်းထဲမှာ ရှိသင့်တယ် မဟုတ်လား။

လွန်ခဲ့တဲ့ ၁၀နှစ်က ကျွန်တော့် ချစ်သူငယ်ချင်း တစ်ယောက် နိုင်ငံခြားသွားဖို့ အခြေအနေ ဖြစ်လာတယ်။ အတူတူရှိနေပေမဲ့ ဒီသတင်းကို အခြားသော သူငယ်ချင်းတွေပြောမှ သိလိုက်ရတော့ ....

လွန်ခဲ့တဲ့ ၂-၃နှစ်က အခြား ချစ်သူငယ်ချင်း တစ်ယောက် ကလေးမွေးသွားတာကိုတောင် ကျွန်တော် မသိလိုက်ဘူး။

အခု ...


ဒီကိစ္စတွေကို မေ့သွားပါပြီ။ ချစ်သူငယ်ချင်းတွေ ကြားထဲမှာ တစ်ခါပြီးတစ်ခါ ခပ်ဆင်ဆင် အကြောင်းလေးတွေဖြစ်လာတော့လည်း .............. (တကယ်ပါမေ့သွားခဲ့ဘူးပါတယ်)။

သူတို့မှာလဲ သူတို့အကြောင်းအရင်း ရှိမှပဲလို့ နားလည်လိုက်ပါတယ်။ ဒီလို ကျွန်တော် လိုက်မမှီနိုင်တဲ့ ချစ်သူငယ်ချင်းတွေရဲ့ အကြောင်းအရင်းတွေကို ဒီဘ၀ကုန်တဲ့အထိ နားလည်ပေးလျက် ..............

Tuesday, January 19, 2010

သတင်းတစ်ခု၊ ခံစားမှုနှစ်ခု

ဒီနေ့ ၀မ်းသာစရာသတင်းတစ်ခု ကြားလိုက်ပြီ အရမ်းဝမ်းသာသွားသော်လည်း ၀မ်းနည်းခြင်းတစ်ခုကိုလဲ ထပ်တူရလိုက်ပါတယ်။

ဝမ်းသာစရာသတင်းကတော့ ... ကျွန်တော့်ချစ်သူငယ်ချင်းနှင့် ကျွန်တော့်ချစ်သူငယ်ချင်း မဂ်လာဆောင်တော့မယ်တဲ့ ...
ဝမ်းနည်းတာကတော့ ... ဒီသတင်း ကျွန်တော်အရင်ဆုံး သိတာမဟုတ်ဘူး။

ဝမ်းသာစရာကတော့ ... ဒီအတွဲ စေ့စပ်ပြီးသွားပြီတဲ့ ...
ဝမ်းနည်းတာကတော့ ... ဒီသတင်း ကျွန်တော်တို့ ၁လကျော်ပြီမှ သိတာ။

ဝမ်းသာစရာကတော့ ... ကျွန်တော်မေးတာကိုတော့ သူဖြေတယ်။
ဝမ်းနည်းတာကတော့ ... ကျွန်တော် မမေးရင်တော့ သူပြောဖို့ အစီအစဉ် မရှိဘူး။

ဝမ်းသာစရာကတော့ ... ကျွန်တော်ထင်ထားခဲ့ဘူးသလို ဖြစ်လာလို့။
ဝမ်းနည်းတာကတော့ ... အသိနောက်ကျလို့။

ချစ်သူငယ်ချင်းနှစ်ယောက် သက်ရာကျော်တိုင်အောင် ကျန်းကျန်းမာမာနှင့် ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေလို့ ဆုတောင်းလျက် ...

Saturday, January 2, 2010

2 Jan 2010




Happy New Year 2010

အောင်သိန်း