Sunday, March 7, 2010

ကျိုင်းတုံသို့ ၇ - အိမ်၊ ရေတွင်း - 23 April 2009

အိမ် - နေရာကတော့ ဒီနေရာပါ၊ အိမ်ကတော့ ဒီအိမ်မဟုတ်တော့ပါဘူး။ ညာဘက်ရော ဘယ်ဘက်ရော မပြောင်းလဲ ခဲ့ဘူး။ ဘာလို့ များ ကျွန်တော် နေခဲ့တဲ့အိမ်မှ ပြောင်းသွားပါလိမ့်။ အရင်တုံးက အသေးဆုံး အစုတ်ဆုံး အိမ်ကလေးက အခု လေးထပ်တိုက် အကောင်းဆုံးဖြစ်နေပါလား။ မှတ်တမ်းနှင့် မှတ်မိသလောက်ဆိုရင် ကျွန်တော်တို့ အိမ်က ညာဘက်မှာ နံရံမရှိပါဘူး။ သူများအိမ်ရဲ့ နံရံလေးနဲ့ ပါ အုတ်ခဲ့နော်။ ဘယ်ဘက်မှာလဲ နံရံမရှိပါဘူး။ ထရံနဲ့ဘဲ ကန့် ထားတာပါ။ ဘာမှလာမပြောနဲ့  အိမ်ခေါင်မိုးကတော့ ကိုယ်ဟာနဲ့ ကိုယ်ပဲ။

(ကံ - နောက်နေ့ ပါပါးရဲ့ တပည့် တစ်ယောက်ပြောပြချက် အရ ဆိုရင် သူကဒီအိမ်ကို အရမ်းဝယ်ချင်နေတယ်။ အကြောင်းက Lucky အရမ်းကောင်းတယ်တဲ့။ ကျွန်တော်တို့  မိသားစုဆိုလဲ အားလုံး နိုင်ငံခြားရောက်နေပြီ။ ကျွန်တော်တို့ ရောင်းလိုက်တဲ့ မိသားစုလဲ နိုင်ငံခြားရောက်သွားပြန်ပြီတဲ့။ အခုနေ နေတဲ့ မိသားစုလဲ သွားတော့မှာမို့  ရောင်းချင်နေတယ်တဲ့။ ကဲ... ဘာပြောချင်သေးလဲ။ .. ဟီဟီ)


ရေတွင်း - ဒီရေတွင်းမရှိရင် အောင်သိန်းဆိုတာလဲ မရှိဘူး။ ဘယ်လောက် တန်ဖိုးကြီးလဲ ဆိုတာသိပြီနော်။ မှတ်မိသလောက်ဆိုရင် အရင်ရေတွင်းဘေးက ကွန်ကရစ်မရှိဘူး၊ ရွံ့ တွေပဲရှိတယ်။ လောက်စလုံး လာလာလုပ်ဘူးသေးတယ်။ မပြန်ခင်ကတည်းက ဒီရေတွင်းကို ပြန်ကြည့်ကို ကြည့်မယ်လို့ ကြုံးဝါးထားတာ။


မပြောင်းလဲသော ကျောက်တိုင် နှင့် တာချီလိတ်လမ်း။

No comments: