Tuesday, January 19, 2010

သတင်းတစ်ခု၊ ခံစားမှုနှစ်ခု

ဒီနေ့ ၀မ်းသာစရာသတင်းတစ်ခု ကြားလိုက်ပြီ အရမ်းဝမ်းသာသွားသော်လည်း ၀မ်းနည်းခြင်းတစ်ခုကိုလဲ ထပ်တူရလိုက်ပါတယ်။

ဝမ်းသာစရာသတင်းကတော့ ... ကျွန်တော့်ချစ်သူငယ်ချင်းနှင့် ကျွန်တော့်ချစ်သူငယ်ချင်း မဂ်လာဆောင်တော့မယ်တဲ့ ...
ဝမ်းနည်းတာကတော့ ... ဒီသတင်း ကျွန်တော်အရင်ဆုံး သိတာမဟုတ်ဘူး။

ဝမ်းသာစရာကတော့ ... ဒီအတွဲ စေ့စပ်ပြီးသွားပြီတဲ့ ...
ဝမ်းနည်းတာကတော့ ... ဒီသတင်း ကျွန်တော်တို့ ၁လကျော်ပြီမှ သိတာ။

ဝမ်းသာစရာကတော့ ... ကျွန်တော်မေးတာကိုတော့ သူဖြေတယ်။
ဝမ်းနည်းတာကတော့ ... ကျွန်တော် မမေးရင်တော့ သူပြောဖို့ အစီအစဉ် မရှိဘူး။

ဝမ်းသာစရာကတော့ ... ကျွန်တော်ထင်ထားခဲ့ဘူးသလို ဖြစ်လာလို့။
ဝမ်းနည်းတာကတော့ ... အသိနောက်ကျလို့။

ချစ်သူငယ်ချင်းနှစ်ယောက် သက်ရာကျော်တိုင်အောင် ကျန်းကျန်းမာမာနှင့် ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေလို့ ဆုတောင်းလျက် ...

1 comment:

Kyaw K. Soe said...

ရာသက်ပန် သက်ဆုံးတိုင် ပေါင်းစည်းနိုင်ကြပါစေ...။