Wednesday, January 20, 2010

ချစ်သူငယ်ချင်းများ

သူငယ်ချင်းကောင်း၊ ချစ်သူငယ်ချင်းဆိုတာ တိုင်ပင်ဖော် တိုင်ပင်ဖက် မဟုတ်လား။ အခွင့်အရေး မပေးလို့ မတိုင်ပင်နိုင်ရင်တောင် အရင်ဆုံးပြောရမဲ့ လူစာရင်းထဲမှာ ရှိသင့်တယ် မဟုတ်လား။

လွန်ခဲ့တဲ့ ၁၀နှစ်က ကျွန်တော့် ချစ်သူငယ်ချင်း တစ်ယောက် နိုင်ငံခြားသွားဖို့ အခြေအနေ ဖြစ်လာတယ်။ အတူတူရှိနေပေမဲ့ ဒီသတင်းကို အခြားသော သူငယ်ချင်းတွေပြောမှ သိလိုက်ရတော့ ....

လွန်ခဲ့တဲ့ ၂-၃နှစ်က အခြား ချစ်သူငယ်ချင်း တစ်ယောက် ကလေးမွေးသွားတာကိုတောင် ကျွန်တော် မသိလိုက်ဘူး။

အခု ...


ဒီကိစ္စတွေကို မေ့သွားပါပြီ။ ချစ်သူငယ်ချင်းတွေ ကြားထဲမှာ တစ်ခါပြီးတစ်ခါ ခပ်ဆင်ဆင် အကြောင်းလေးတွေဖြစ်လာတော့လည်း .............. (တကယ်ပါမေ့သွားခဲ့ဘူးပါတယ်)။

သူတို့မှာလဲ သူတို့အကြောင်းအရင်း ရှိမှပဲလို့ နားလည်လိုက်ပါတယ်။ ဒီလို ကျွန်တော် လိုက်မမှီနိုင်တဲ့ ချစ်သူငယ်ချင်းတွေရဲ့ အကြောင်းအရင်းတွေကို ဒီဘ၀ကုန်တဲ့အထိ နားလည်ပေးလျက် ..............

1 comment:

Kyaw K. Soe said...

သူငယ်ချင်းရဲ့ အရာရာအပေါ် နားလည်ပေးတတ်နိုင်မှုကို လေးစားလျက်...