မနက်နိုးပြီး အနီးအနားက လမ်းတွေမှာ လျှောက်ကြည့်နေရင်း ပါပါး၊ မာမား အသိတွေ အသိတွေ နှုတ်ဆက်လိုက်ရတာ မှတ်တောင်မမှတ်မိတော့ဘူး။ လမ်းဘေးလက်သွန်းလှည်းဆိုင်ကပဲ တိုဖူနွေး စားလိုက်တယ်။ အစီအစဉ်အရဆိုရင်တော့ ၈ နာရီမှာကားလာခေါ်မယ်။ ကားက ၉နာရီမှရောက်လာပြီ၊ တစ်ချို လူတွေက ပါမစ်မယူရသေးဘူးလေ။ နောက်ဆုံးကားက ၁၀နာရီလောက်မှ ထွက်ဖြစ်တယ်။ စုစုပေါင်း ၁၀ယောက်။ ကားတစ်စီးကို ဘတ် ၆၅၀၀။ ကားက ယိုးဒယားဘက်ကကား၊ ယိုးဒယားနံပါတ်နဲ့လေ။ မဆိုးပါဘူး၊ ဂိတ်ရောက်တိုင်း ကားဆရာကကိုင်တိုင်ဆင်းပြီး ကျွန်တော်တို့ ရဲ့ စာရွတ်လေးကို အတုံးသွားထုပေးတယ်။ ဂိတ်တစ်ခုမှာတော့ အရာရှိတစ်ယောက်က တံခါးတစ်ခက်လာဖွင့်ပြီး ကြည့်သွားသေးတယ်။
ဒီလမ်းမှာ ဆင်းရဲဒုက္ခ၊ ပြသာနာပေါင်းစုံ ခံစားဖူးတဲ့ လူတွေကတော့ ဖြောင့်ဖြူး ကောင်းမွန်နေတဲ့ ကားလမ်းမှာ အမြန်မောင်းနေတဲ့ ကားပေါ်ကနေ ခံစားမှုပေါင်းစုံနဲ့  စကားစမည်ပြောနေကြတယ်။ ကျွန်တော်ကတော့ ဘာမှမမှတ်မိတော့ဘူးဆိုတော့ မထူးဆန်းသလိုပါပဲ။ လမ်းတစ်ဝက်လောက်ကြတော့ စားကြသောက်ကြပေါ့။
အရင်ရေပူစမ်းက မြို့မ၀င်ခင်လေးမှာရှိတယ်။ ကြုံတယ်ဆိုပြီတော့ ကားဆရာကို ၀င်ခိုင်းလိုက်တယ်။ အခုတော့လဲ သင်ခါရ သဘောအတိုင်းပဲ ဆုတ်ပြတ်ပြီး လူတောင်မရှိတော့ဘူး။ မြို့ရဲ့အခြားတစ်ဖက်မှာ အသစ်တစ်ခု တွေ့ တယ်လို့ ပဲ ပြောကြတယ်။ ကျွန်တော် ရဲ့ မျက်စိ အရိပ်ထဲမှာတော့ အရင်က ကစားခဲ့ဘူးတဲ့ သီးသန့်ရေကူးကန်သေးသေးလေးနဲ့  ရေချိုးခန်းလေးတွေကို မြင်နေမိတာ အမှန်ပါပဲ။ ကြက်ဥတွေကိုလဲ ရေပူတွေကို မြောင်းနဲ့ရေလာအောင်လုပ်ထားတဲ့ နေရာလေးမှာ ပြုတ်တာမှတ်မိသေးတယ်။ ဒီကထွက်လာတော့ ချက်ချင်းနီးပါး မြို့ထဲရောက်သွားတော့ အံ့သြနေကြတယ်။ အရင်က ဒီကိုလာရင် အဝေးကြီးလို့ ထင်နေကြတယ်။ ဒီလို ဖြစ်ရပ်တွေ တောက်လျှောက်တွေ့တော့မည် ဖြစ်ပါသည်။
ကြက်ဥပြုတ်ခဲ့ဖူးတဲ့ နေရာပဲဖြစ်မှာပါ။
မတ်တတ်ရပ် ရေချိုးခန်းများ
မမှတ်မိတော့ဘူး။
ကျိုင်းတုံကိုရောက်ပါပြီ။
2 comments:
ရှည်ရှည်ရေးပါ အားမရဘူး
why??Hot-spring in KT look terrible now...oh miss that place too much...
Post a Comment