Thursday, September 25, 2008

ပြန်စမလားလို့ 

Blog မရေးဖြစ်တာ အတော်ကြာသွားတယ်။ အခုပြန်စရေးမလားလို့ စဉ်းစားနေတယ်။ ပြောရရင် ဘ၀ အကြောင်း ရေးထားချင်တယ်။ အသက်ကြီးလာလေ အတွေ့ အကြုံတွေများလာလေ၊ ငယ်ငယ်တုံးကအကြောင်းတွေကိုစမေ့ တော့တာပဲ။ ရေးထားရင် ပြန်ပြန်ကြည့်နေတာနဲ့ မှတ်မိမယ်။ မေ့သွားရင်တော့ ပြန်ဖတ်လို့ ရတယ် မဟုတ်လား။

ဲပြီးတော့ အခုခတ် ပတ်ဝန်းကျင်မှာ ဖြစ်နေတာလေတွေ၊ လူတွေရဲ့ကိုယ်ပိုင် အတွေးတွေ၊ ခံယူချက်တွေကို ရေးထားလို့ ရတယ်။ နောက် ၁၀ နှစ်ပြန်ကြည့်ရင် အတွေးတွေ၊ ခံယူချက်တွေက ပြောင်းသွားမှာသေချာတယ်။

ဆုတောင်းပေးပါ။ ကျွန်တော်မပျင်းပါနဲ့ လို့ ။

2 comments:

နေလင်း said...

အင်း..အောင်သိန်းရေ...

ဘလော့ဂ်ပြန်ရေးတာကောင်းတာပေါ့... မင်းပြောတာမှန်တယ်... တစ်ချိန်မှာ ပြန်ကြည့်လိုက်ရင် အားလုံးဟာ အမှတ်တရလေးတွေပဲပေါ့..
အားပေးနေပါတယ်.. သူငယ်ချင်းရေ...

နေလင်း

TZA said...

ကျွန်တော်မပျင်းပါနဲ့ 
ကျွန်တော်မပျင်းပါနဲ့ 
ကျွန်တော်မပျင်းပါနဲ့ 

သုံးခါဆက်တိုက်ဆုတောင်းပေးပါတယ်။